Pile-4(Grail Hallow)
----------------------
ဒီ " pile 4 " လေးကို ရွေးချယ်ထားသူများကတော့ သူများရဲ့အမိန့်ပေးစေခိုင်းမှုကို မကြိုက်လည်းမကြိုက်သလို၊ကြောက်လည်းကြောက်ရွံ့ကြပါတယ်ခင်ဗျ။ချုပ်ခြယ်ကန့်သတ်မှုတွေကို မနှစ်မြို့ဘဲ ကိုယ့်စိတ်ကူးအကြံဉာဏ် " ideas " လေးတွေနဲ့ ကိုယ့်ထူးကိုယ်ချွန်ပြီး လွတ်လွတ်လပ်လပ်နဲ့ ကိုယ်ပိုင်လုပ်ငန်းလေးတွေပဲ တစ်နိုင်တစ်ပိုင်လုပ်ကိုင်ချင်ကြသူတွေပေါ့။ကိုယ်ဝါသနာပါရာ၊စိတ်ဝင်စားရာအလုပ်တွေ မလုပ်ရမှာ၊လုပ်ခွင့်မရမှာကို ဒီကတ်ပိုင်ရှင်လေးတွေ စိုးရိမ်ပူပန်နေရတတ်တာဟာ ကိုယ့်ရဲ့ " Fear " တစ်ခုဆိုလည်း မမှားနိုင်ပါဘူးခင်ဗျ။နည်းနည်းလေးချုပ်ခြယ်တတ်တဲ့မိသားစုလည်း ရှိကြပါလိမ့်မယ်။ကိုယ့်သမိုင်း၊ကိုယ့်ဇာတ်ကြောင်းကို ကိုယ်ကိုယ်တိုင်သာ ရေးချင်သူဖြစ်တာကြောင့် မိဘဆွေမျိုးအသိုင်းအဝိုင်းက ကိုယ့်ဘဝကိုဝင်စွက်ဖက်ပြီးခြယ်လှယ်မှာအရမ်းကြောက်ကြပါတယ်ခင်ဗျ။ဘဝကို ကိုယ်ဝါသနာပါရာလေးတွေလုပ်ပြီး အေးအေးဆေးဆေးဖြတ်သန်းကုန်ဆုံးချင်ကြသူလေးတွေပေါ့ခင်ဗျ။