Sign2 💫
Sign 2 လေးကို ရွေးချယ်ထားတဲ့သူတွေရဲ့ soulmate physical appearance နဲ့ personality ကတော့ သူက socialကျကျမနေတတ်ဘူး။ သူ့အသိုင်းအဝိုင်းလေးမှာပဲ နေတတ်တယ်။ လူတိုင်းနဲ့ မရောတတ်ဘူး။ သူနဲ့ ခင်မင်ရင်းနှီးတဲ့ သူတွေနဲ့ပဲ နီးနီးကပ်ကပ်နေတတ်တယ်။ အဲ့သူတွေအပေါ်မှာလဲ သံယောဇဉ်ကြီးတတ်သလို စွဲလမ်းစိတ်လည်း ကြီးတတ်တယ် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် သူ့အထာနဲ့သူ နေတတ်တယ်။ သူကတခါတလေ အပြောအဆို မတတ်ဘူး။
သူမှန်တယ် ထင်ရာကို ပွင့်ပွင့်လင်းလင်းပဲ ထုတ်ပြောတတ်တယ်။ တခါတလေကျရင် လူတွေက သူ့ကို လူ့ဂွစာ လူ့ဂလန့်လို့ သတ်မှတ်ခံရတတ်တယ်။ သူ့မှာ မကောင်းတဲ့ အချက်ကတော့ အတ္တအရမ်းကြီးတယ်။ တကိုယ်ကောင်းဆန်တယ် ။ သူ့ကိုယ်သူပဲပိုချစ်တယ်။ တစ်ခုခုသူ မကြိုက်တာ လုပ်မိရင် လွယ်လွယ်ခွင့်လွှတ်မပေးဘဲ မှတ်ထားတတ်တယ်။ ရုပ်ရည်ပိုင်းမှာဆို သူက ဆွဲဆောင်မှုရှိပီး sexyကျတတ်တယ်။
အဝတ်အစားပိုင်းမှာဆို သပ်သပ်ရပ်ရပ်သန့်သန့် ပြန့်ပြန့်လေးတွေဝတ်တတ်တယ်။ Body structure က အနေတော်လောက်ပဲ။ အရပ်အမောင်းက ရှည်တဲ့ထဲတော့ မပါဘူး။ပုံမှန်အရပ်အမောင်းပဲ။ အသားအရေကတော့ ညိုတဲ့ဘက် ဒါမှမဟုတ် ဝါတဲ့ဘက်ကို သွားတယ်။ သူ့ရဲ့မျက်နှာမှာထူးခြားပီး ဆွဲဆောင်မှုရှိနေတာကတော့ သူ့ရဲ့မျက်လုံး မျက်ခုံးပဲ။ မျက်လုံးက ဝိုင်းစက်ပီး ညှို့ဓာတ်ပြင်းတယ်။ မျက်တောင်လေးတွေရှည်ပီး ကော့နေတတ်တယ်။ မျက်ခုံးကလည်း အရမ်းလှပီး ထူထူလေးဖြစ်နေတတ်တယ်။
သူ့ ရဲ့ background ကတော့ တစ်နေရာရာမှာ ကိုယ့်ထက်သာနေတတ်တယ်။ (may be education or weath or something)
သူနဲ့ကိုယ်က မမျှော်လင့်ဘဲ ချစ်ကြိုက်သွားတတ်ကြတယ်။