Pile-3(Stone Hallow)
-----------------------
ဒီ " pile 3 " လေးကို ရွေးချယ်ထားသူလေးတွေရဲ့ " Inner Fear " ကတော့ ကိုယ်ချစ်ခင်ရသူတွေနဲ့ ခွဲခွာရတာမျိုးလေးတွေ၊ယုံကြည်မှုကိုအလွဲသုံးစားလုပ်ခံရပြီး သစ္စာဖောက်ခံရမှာမျိုးလေးတွေကို အလွန်အမင်းကြောက်တတ်ကြပါတယ်ခင်ဗျ။ဘာကြောင့်လဲဆိုတော့ ကိုယ်ကယုံကြည်မိပြီဆို ဘာမှခြွင်းချန်ပြီး လျှို့ဝှက်မထားဘဲ အကုန်ပြောပြတတ်တာကြောင့် ကိုယ့်အားနည်းချက်ကိုနင်းပြီး အသုံးချခံရမှာကို တွေးပူပြီးလန့်နေရတတ်တဲ့သူလေးတွေပေါ့ခင်ဗျ။
အယုံကြည်လွယ်ကြတယ်။ရိုးအကြတယ်။နှုတ်တော့သိပ်မလုံကြဘူး။
နှုတ်မလုံဘူး ဆိုတာမှာကလည်း သူများအကြောင်းကိုခနဘေးခေါက်ထားပါ။
ကိုယ့်အကြောင်းကိုယ်တောင်ရိုက်စစ်စရာမလိုဘဲ ပြောမိတတ်တဲ့သူလေးတွေမို့ပါခင်ဗျ။ကိုယ်လေးစားအားကျရတဲ့သူတွေ၊ချစ်ခင်ရတဲ့သူတွေရဲ့ အပြစ်တင်ပြောဆိုခံရမှာမျိုးလေးတွေ၊အသိအမှတ်ပြုမခံရမှာမျိုးလေးတွေကလည်းကိုယ့်ရဲ့အကြောက်တရားတွေထဲကတစ်ခုပါပဲခင်ဗျ။ကိုယ်ကြိုးစားလုပ်ကိုင်နေတဲ့အရာတွေကို ချစ်ခင်ရသူတွေဆီက " Appreciate " လုပ်တာကို အတော်လေးလိုချင်ကြပါတယ်။ဒါပေမယ့်လည်း ချီးမွမ်းအသိအမှတ်ပြုတာထက် အပြစ်တင်ကဲ့ရဲ့တတ်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နေရတာလေးကတော့ ဝမ်းနည်းစရာပါပဲခင်ဗျ။ " Toxic words " တွေ ကြားရတဲ့အခါ " neglect " ပဲလုပ်ထားပါလို့ အကြုံပြုချင်ပါတယ်နော် ခင်ဗျ။