JustPaste.it

Pile-2(Sword Hallow)

Pile-2(Sword Hallow)

------------------------

ဒီ " pile 2 " လေးကို ရွေးချယ်ထားသူများကတော့

တစ်ယောက်ထဲအထီးကျန်နေရမှာ၊ကိုယ့်ကိုလူတွေအလေးမထားတော့မှာ၊မချစ်တော့မှာကို ကြောက်ကြတယ်လို့ ထင်ပါတယ်။နှုတ်ကသာ တစ်ယောက်ထဲနေတာအေးချမ်းတယ်၊အဆင်ပြေတယ် ပြောနေပေမယ့် တကယ်တမ်းကိုယ့်အတွင်းစိတ်ထဲမှာတော့ ကိုယ့်ကိုသေချာနားလည်ကိုယ်ချင်းစာပေးနိုင်မယ့်သူမျိုးကို လိုချင်နေတာမျိုးလေးတွေ့ရပါတယ်။ကိုယ့်ရဲ့ စိတ်အားငယ်မှု၊အထီးကျန်ခံစားရမှုတွေကို လူတွေမသိအောင် ဖုံးကွယ်ထားဖို့အတွက် အလုပ်အကိုင်၊စီးပွားရေးပိုင်း၊ပညာရေးပိုင်းနဲ့ ဘဝတိုးတက်ရေးဘက်တွေကိုပဲ အာရုံထားနေလေ့ရှိကြပါတယ်။ " Relationship " ပိုင်းတွေမှာလည်း တစ်ချို့တွေခံစားခဲ့ရတာမျိုး၊ 

" Trauma " လေးတွေ ရှိနေတာမျိုးတွေကို တွေ့ရပါတယ်ခင်ဗျ။လူအချင်းချင်း တန်းတူရည်တူမဟုတ်ဘဲ ခွဲခြားဆက်ဆံတာ၊နှိမ်တာ၊ ဝိုင်းဖယ်ကြဥ်ပစ်ပယ်တာမျိုးတွေကို အရမ်းရွံရှာစက်ဆုပ်သလို ကိုယ်လည်းအဲ့လိုမျိုးဖြစ်ရမှာကို

အတော်လေးကြောက်ရွံ့ကြပါတယ်။ဒါကြောင့်မို့လို့လည်းလူမှုအသိုင်းအဝိုင်းဝင်ဆံ့နိုင်အောင်၊နေရာတစ်ခုရအောင် 

ကျားကုတ်ကျားခဲကြိုးစားနေကြတယ် လို့ထင်မြင်မိပါတယ်ခင်ဗျ။