Pile-1(Spear Hallow)
------------------------
ဒီ "Pile 1" လေးကို ရွေးချယ်ထားသူများကတော့ကိုယ့်ရဲ့အကြောင်း၊စိတ်ရင်းအမှန်နဲ့ " True Self " ကို လူတွေသိသွားမှာအလွန်ကြောက်ကြပါတယ်။ အမြဲတမ်းကိုယ့်ရဲ့ခံစားချက်တွေကို
အပြုံးတုလေးပြုံးပြီး ဖုံးကွယ်ထားတတ်ကြတယ်။အတိတ်ကာလတွေမှာတော့ ကိုယ်ဟာဒေါသကြီးပြီး စိတ်မရှည်တဲ့လူမျိုးဖြစ်ခဲ့ပေမယ့် အဲ့ဒီစိတ်လေးတွေဟာ ကိုယ့်ကိုအမှားတွေပဲကျူးလွန်မိစေခဲ့တာကြောင့် အခုဆိုကိုယ့်ကိုကိုယ်
တော်တော်လေးထိန်းချုပ်နိုင်နေပါပြီ။
ကိုယ်ပိုင်ဆိုင်တဲ့အရာတွေ လုယူခံရမှာကို တစ်စက်မျှမလိုလားဘဲ သူများရှေ့
ဒူးထောက်အညံ့ခံ၊တောင်းပန်ရမှာမျိုးတွေကို သေမတတ်ကြောက်ကြပါတယ်ခင်ဗျ။ကိုယ့်အမှားမှန်းသိရင်တောင်မှ တောင်းပန်၊ဝန်ခံဖို့ ဝန်လေးနေတတ်တာလေးက ကိုယ့်ကိုကိုယ်ပြုပြင်သင့်တဲ့အချက်ပါပဲခင်ဗျ။ လျှို့ဝှက်တတ်တဲ့စိတ်နဲ့ လိုချင်တာကိုမရရအောင်ယူတတ်တဲ့ သဘောတရားမျိုးလေးလည်း တွေ့ရပါတယ်။အတ္တကိုရှေ့တန်းမတင်မိအောင် ကြိုးစားပါနော်ခင်ဗျ။