JustPaste.it

Sign - 3

Sign3 💫

 

     ဒီ Signလေးကို ရွေးချယ်ထားတဲ့ သူတွေရဲ့ soulmate physical appearance နဲ့ personality ကတော့ သူက သနားတတ်တယ် ကြည်နာတတ်တယ် ကူညီတတ်တယ် စိတ်ကူးစိတ်သန်းကောင်းတယ်၊ ဉာဏ်ကောင်းတယ်၊ ကိုယ်မှန်တယ်ထင်ရာကို တဇွတ်ထိုးလုပ်တတ်တဲ့ အကျင့်ရှိတယ်။ အလုပ်တခုခုလုပ်တဲ့နေရာမှာလည်း စနစ်တကျ စေ့စေ့စပ်စပ်လုပ်တတ်တယ်၊ ဒါပေမယ့် များသောအားဖြင့် သူက စိတ်တွေပျံ့လွင့်နေတတ်တယ်၊ ပျင်းနေတတ်တယ်။ ကိုယ်စိတ်ကူးထားတဲ့အရာတွေကို လက်တွေ့ချမလုပ်ပဲ လေထဲမှာ တိုက်အိမ်ဆောက်သလို ဖြစ်နေတတ်တယ်။ သူက socialကျတဲ့ထဲ ပါတယ်။ တအားကြီးတည်ငြိမ်အေးဆေးတဲ့ပုံစံမျိုး မတွေ့ရဘူး။ အလှအပအလွန်ကို ကြိုက်တယ်၊ အဝတ်အစားကို ခပ်ဟော့ဟော့ပုံစံလေးတွေ ခပ်မိုက်မိုက်လေးတွေ ဝတ်လေ့ရှိတယ်။ ရုပ်ရည်ပိုင်းမှာဆို သူက ရုပ်ချောတာထက်စာရင် အကြည်ဓာတ်လေးရှိပြီး ချစ်စရာကောင်းတဲ့ဘက်ကို သွားတယ်။ Body structure လှပြီး အရပ်အမောင်းလဲ ကောင်းတယ်။ အသားအရေကတော့ ကြည်ပီး ဝါဝင်းနေတတ်တယ်။ သူ့ရဲ့မျက်နှာမှာ ထူးခြားပြီး ဆွဲဆောင်မှုရှိနေတတ်တာကတော့ နှာတံလေးစင်းနေတတ်တယ်။ နှုတ်ခမ်းပါးမယ်။ မေးစေ့ချွန်မယ်။

     သူ့ရဲ့ backgroundက ကိုယ်နဲ့သိပ်မကွာဘူး။ သူမသာ ကိုယ်မသာ အခြေအနေမျိုးလေးမှာပဲ ရှိတယ်။ သူနဲ့ ကိုယ်နဲ့က သူငယ်ချင်းတွေဖြစ်နေရာကမှတဆင့် အဆင့်တက်သွားတတ်တယ်။ ထူးခြားတာတခုက ဒီsignကို ရွေးတဲ့ သူတွေရဲ့ soulmateက ကိုယ်နဲ့ same genderလဲ ဖြစ်နိုင်ချေရှိတယ်။